preloader

C: The Money of Soul and Possibility Control

By: ODAGU (The Union of Otaku)

Link Count: 6

Plot Summary

ပိုက်ဆံက အာဏာတစ်ခုပဲ ၊ ပိုက်ဆံသာမရှိရင် ဘဝက အဓိပ္ပာယ်မရှိဘူး။ စီးပွားရေးပျက်ကပ်စိုက်နေတဲ့ နိုင်ငံကနေလာတဲ့ ဒုတိယနှစ်စီးပွားရေးကျောင်းသားဖြစ်တဲ့ Kim က သူ့ဘေးနားမှာရှိတဲ့ သူနဲ့သက်တူရွယ်တူလူငယ်တွေရဲ့ချမ်းသာကြွယ်တဲ့ဘဝအခြေအနေတွေကို ကြည့်ပြီးတော့ သူကိုယ်တိုင်ကလည်း လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ခက်ခဲနေတဲ့အခြေအနေကိုသုံးသပ်ပြီး အထက်ပါအချက်ကို ကောင်းစွာနားလည်ခဲ့တယ်။ ဒါပေမယ့်လည်း top hat ဆောင်းထားတဲ့ သူစိမ်းတစ်ယောက်က ညသန်းခေါင်အချိန်မှာ သူ့အိမ်တံခါးဝကိုရောက်လာတဲ့အချိန်မှာတော့ သူ့အတွေးတွေအကုန်လုံး ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ Masakaki ဆိုတဲ့အဲ့သူစိမ်းက Yoga ကို တစ်ယောက်ယောက်ကသာ သူရဲ့အနာဂတ်ကို အပေါင်ခံလိုက်ရင် ပိုက်ဆံတွေအလျှံပယ်ရနိုင်တယ်ဆိုတဲ့ အရှေ့ဘက်ဘဏ္ဏာရေးအခြေစိုက်နယ်‌ေမြတစ်ခုကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့တယ်။ စိတ်ထဲမှာ မသေမချာဖြစ်နေပေမယ့်လည်း လောဘစိတ်ကအနိုင်ရခဲ့ပြီးတော့ Yoga က ကမ်းလှမ်းတာကိုလက်ခံခဲ့တယ်။ အဲ့နောက် သူ့ကို ဖုံးကွယ်ထားတဲ့ ဝင်ပေါက်ဆီကို ခေါ်သွားခဲ့တယ်။ ဒါပေမယ့်သူသတိမထားမိတာက အဲ့နေရာက ဝင်လာသမျှလူတွေကို အပတ်စဉ် "အပေးအယူ" လို့ခေါ်တဲ့ နှစ်ဦးနှစ်ဖက်တိုက်ခိုက်ပွဲတွေမှာ သူတို့ရဲ့ အပေါင်ပစ္စည်းဖြစ်တဲ့အနာဂတ်ကို ဆုငွေအဖြစ် လောင်းကြေးထပ်ပြီး အတင်းအကျပ်ပါဝင်ခိုင်းတဲ့ အကောင်းအဆိုးနှစ်ခုဒွန်တွဲပြီး သီးသန့်တည်ရှိနေတဲ့ လောကတစ်ခုဖြစ်နေတာပဲ။ သူ့အရင်လောကကနိုင်ငံသား‌ေတွနဲ့ ကံကြမ္မာအ‌ေဟာင်းကို ဆန့်ကျင့်ပြီးတော့ အခု ကံကြမ္မာနဲ့ အနာဂတ်ကို ကာကွယ်ချင်တယ်ဆိုရင် Yoga က ဒီကမ္ဘာအသစ်မှာ အမြန်နေသားကျအောင် လုပ်ရတော့မယ်။ အဲ့တာပြီး‌တာနဲ့ သူဟာ ပိုက်ဆံက အမှန်တကယ် ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုတာကို သိရှိလာ‌ရတော့မယ်။

Anime Detail

Date of release: 2011

Status: Finished

Genre: Super Power , Action

Scores: 7.19

Views:

Top Rated Manga